Home » » ကွန်ပျူတာကို သီချင်းလေးနဲ့တွဲပြီး auto ဖွင့်နိုင်ရန် နည်းလမ်းလေးတွေ....

ကွန်ပျူတာကို သီချင်းလေးနဲ့တွဲပြီး auto ဖွင့်နိုင်ရန် နည်းလမ်းလေးတွေ....




အခုပြောမယ့် နည်းလေးကတော့ ကွန်ပျူတာကို ကိုယ်ဖွင့်စေချင်တဲ့အချိန်ကိုထားပြီး သီချင်းလေးနဲ့ auto ဖွင့်ချင်သူများအတွက် ဖြစ်ပါတယ် ။ မနက်ခင်းမှာ ကျောင်းနောက်မကျအောင်ပဲဖြစ်ဖြစ် ၊ အလုပ်နောက်မကျအောင်ပဲဖြစ်ဖြစ် အများစုက alarm ပေးပြီးအိပ်တတ်ကြပါတယ် ။ အခုနည်းလမ်လေးကိုလည်း alarm ပုံစံအသုံးပြုရာမှာ အဆင်ပြေနိုင်ပါတယ် ။




  ဥပမာ မနက် ၇ နာရီကို alarm ပေးထမယ်လို့ ဆုံးဖြတ်ထားရင် ကွန်ပျူတာကို မနက် ၇ နာရီမှာ auto ဖွင့်စေပြီး ကွန်ပျူတာ ပွင့်လာတာနဲ့အတူ မနက်ခင်းမှာ ကိုယ်စိတ်ကို အေးချမ်းစေမယ့် ၊ ကိုယ်ကြိုက်နှစ်သတ်တဲ့ သီချင်းလေးကို တွဲပြီး လာအောင်ပြုလုပ်ပေးထားလိုက်ရင်လည်း alarm သဘောဖြစ်စေရုံသာမက မိမိနှစ်သတ်တဲ့ သီချင်းလေး လာနေတဲ့အတွက် ပုံမှန် alarm အသံတွေလိုလည်း စိတ်ညစ်ညစ်နဲ့ အိပ်ရာထစရာ မလိုတော့ပါဘူး ။ တစ်ခုရှိတာက တကယ်လို့စက်မှာ password ပေးထားခဲ့ရင်တော့ ကွန်ပျူတာ auto ဖွင့်တဲ့အခါ password ပေးတဲ့ နေရာရောက်ရင် ရပ်တန့်သွားမှာ ဖြစ်ပါတယ် ။ အဲဒါကြောင့် alarm ပုံစံလေး အသုံးပြုမယ်ဆိုရင်တော့ အိပ်ခါနီး စက်ကို password လေးခဏဖြုတ်ထားဖို့လိုပါလိမ့်မယ် ။ 

အခု ကွန်ပျူတာကို auto ဖွင့်စေဖို့ နည်းလေးနဲ့ ကွန်ပျူတာ ပွင့်လာတဲ့အခါ သီချင်းပါ တစ်ခါတည်းလာစေဖို့ နည်းလမ်းလေး နှစ်ခုကို ပြောပြပါမယ် ။

  • ကွန်ပျူတာကို မိမိဖွင့်စေချင်တဲ့အချိန်မှာ auto ဖွင့်နိုင်အောင် ကွန်ပျူတာ window စတက်တက်လာချင်းမှာ Delete key ကိုနှိပ်ပြီး Boot System ထဲကို ဝင်ရပါမယ် ။
  •  
  • ဝင်ပြီးသွားရင် တွေ့ရမယ့် ခေါင်းစဉ်လေးတွေထဲက Power ကို ရွေးပြီး Enter ခေါက်လိုက်ရင် သူ့ရဲ့ functions တွေကျလာပါလိမ့်မယ် ။ အဲဒီထဲကမှ APM Configuration ကို ရွေးပြီး Enter ခေါက်လိုက်ပါ ။
  •  
  •  Power On By RTC Alarm ကိုတွေ့ရပါလိမ့်မယ် ။ တကယ်လို့ Enable ဖြစ်နေရင် သူရဲ့ functions လေးတွေကို တစ်ခါတည်း မြင်ရမှာ ဖြစ်ပြီး Disable ဖြစ်နေရင်တော့ Option ထဲကနေ Enable ကိုပြန်ရွေးပေးရမှာ ဖြစ်ပါတယ် ။
  •  
  •  Enable ဖြစ်သွားပြီဆိုရင် သူရဲ့ functions တွေ ဖြစ်တဲ့ RTC Alarm Date (Days) နဲ့ RTC Alarm Time ဆိုတာကို တွေ့ရပါလိမ့်မယ် ။ RTC Alarm (Date) မှာ မိမိထားချင်တဲ့ ဂဏန်းနေ့ရက်ကို (+) ၊ (-) keys လေးတွေသုံးပြီး ထားပေးရမှာ ဖြစ်ပါတယ် ။
  •  
  •  RTC Alarm Time မှာတော့ မိမိထားချင်တဲ့ နာရီ ကို (+) ၊ (-) keys တွေကို သုံးပြီး ပြုပြင်လို့ရပါတယ် ။ မိမိထားချင်တဲ့ နေ့ရက်နဲ့ နာရီကို ထားပြီးပြီ ဆိုရင်တော့ F10 key နဲ့ save လုပ်လိုက်ရင် ကွန်ပျူတာက auto window တက်သွားမှာပါ ။ 

ဒါဆိုရင် မိမိဖွင့်စေချင်တဲ့ အချိန်မှာ ကွန်ပျူတာကို auto ဖွင့်နိုင်ပါပြီ ။

 ကွန်ပျူတာ ပွင့်လာတာနဲ့ သီချင်းပါ တစ်ခါတည်းတွဲလာစေဖို့ကတော့ အောက်ကနည်းလမ်းလေးနဲ့ လုပ်ဆောင်နိုင်ပါတယ် ။

ပထမဦးဆုံး Media Player ရွေးပေးရမှာ ဖြစ်ပါတယ် ။ Window Media Player ကိုသုံးပြီး ဖွင့်ချင်ရင်တော့  မိမိနားထောင်ချင်တဲ့ သီချင်းကို window Media Player မှာ အရင်ဖွင့်လိုက်ပါ ။ အောက်မှာပြထားတဲ့ပုံလေးအတိုင်း Player ရဲ့ ညာဘက် အပေါ်ထောင့်လေးကို click လိုက်ပါ ။





နောက်ထပ်ပေါ်လာတဲ့ box လေးမှာ အောက်ဆုံးက မြှားပြထားတဲ့ နေရာလေးကို right click ထောက်ပြီး File ထဲက Save Now Playing list as ဆိုတာကို click ပြီး save လိုက်ပါ ။ 




ပြီးရင်တော့ စောစောက box ထဲမှာပဲ ဘယ်ဘက်က Playlists ထဲမှာ ကိုယ် save လိုက်တဲ့ သီချင်း file လေးကို တွေ့ရမှာပါ ။ အဲဒီသီချင်းဖိုင်လေးကို right click ထောက်ပြီး open file location ကို click လိုက်ပါ ။ file location ထဲမှာ ရှိနေတဲ့ မိမိကွန်ပျူတာ auto ပွင့်တဲ့အခါ လာချင်တဲ့ သီချင်း file လေးကို  copy ကူးလိုက်ပြီး Start Menu ထဲက All Program ထဲမှာ Startup ကို ရှာလိုက်ပါ ။ တွေ့ရင် ဖွင့်လိုက်ပြီး စောစောက ကိုယ် copy ကူးထားတဲ့ သီချင်းဖိုင်လေးကို အဲဒီမှာ save လိုက်ရုံပါပဲ ။ အောက်မှာပုံလေးတွေနဲ့ ပြသထားပါတယ် ။










ဒါကတော့ Window Media Player သုံးပြီး ဖွင့်တဲ့ပုံစံလေး ဖြစ်ပါတယ် ။ တစ်ခြား Media Player တွေသုံးပြီးတော့လည်း ဖွင့်နိုင်ပါတယ် ။ အဓိကကတော့ Startup ထဲကို ကိုယ်ဖွင့်စေချင်တဲ့ သီချင်းရောက်သွားဖို့ပါပဲ ။ အားလုံးပဲ အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ ။

မှတ်ချက်။    ။ မြန်မာမိသားစုဖိုရမ်မှ ဖတ်သားမှတ်ရှုမိသော      နည်းပညာအကြောင်းလေးများကို စုပေါင်း၍ ပြန်လည်ဝေမျှခြင်း ဖြစ်ပါသည် ။ 

စာရေးသူ
နေမင်းဇွဲမာန်

1 comments:

  1. ကွန်ပျူတာကို သီချင်းလေးနဲ့တွဲပြီး Auto ဖွင့်နိုင်ရန် နည်းလမ်းလေးတွေ.... >>>>> Download Now

    >>>>> Download Full

    ကွန်ပျူတာကို သီချင်းလေးနဲ့တွဲပြီး Auto ဖွင့်နိုင်ရန် နည်းလမ်းလေးတွေ.... >>>>> Download LINK

    >>>>> Download Now

    ကွန်ပျူတာကို သီချင်းလေးနဲ့တွဲပြီး Auto ဖွင့်နိုင်ရန် နည်းလမ်းလေးတွေ.... >>>>> Download Full

    >>>>> Download LINK 85

    ReplyDelete

ကျွန်တော်တို့ဆိုဒ်လေးကိုလာလည်တဲ့ အတွက်ဝမ်းသာပါတယ်။လိုအပ်တဲ့နည်းပညာ အခတ်အခဲလေးတွေကို cboxမှာ ရေးသွားနိုင်ပါတယ်။ဆိုဒ်လေးနဲ့ ပတ်သတ်လို့ အကြံညဏ်များလည်း ရေးခဲ့ကြပါဦး။

Back to Top