Blog Archive

Format Factory ဖြင့် file type များအလွယ်တစ်ကူ ပြောင်းယူချင်း file size များ လျော့ချခြင်း။။

format factory ဆိုတာနဲ့ တော်တော်များများလည်း သိကြမှာပါ။။အသုံးလည်း ပြုတတ်ကြပါတယ်။သူ့ကို
အလွယ်တစ်ကူပြောရမယ်ဆိုရင် image ဖိုင် တိုက်တွေကို ပြောင်းမယ် ။audio ဖိုင်တိုက်တွေ video 
ဖိုင်တိုက်တွေကို အလွယ်တစ်ကူ မိမိလိုချင်တဲ့ file type ပြောင်းပေးတာပါပဲ။ဒါ့အပြင်နောက်ထပ် အသုံးဝင်သေး တဲ့ tool တွေ အများကြီးရှိပါသေးတယ် ။file type ပြောင်းပြီဆိုတာ သူက မိမိတို့ရဲ့ file size
တွေကိုပါ တစ်ခါတည်း လျော့ချပေးပါတယ်။ video ကနေ mp3..ပြီးတော့ editing တွေ နောက်ထပ် အများကြီးပါ ပါ သေးတယ်။video တွေတစ်ခုနဲ့ တစ်ခု join ခြင်း။ split ဖြတ်ခြင်း ပြုလုပ်လို့ရပါတယ်။အသုံးဝင်တဲ့ ဆော့ဝဲတစ်ခုဖြစ်တဲ့ အတွက် အားလုံးသိကြပေးမယ့်လည်း မသိသေးတဲ့ သူတွေအတွက် ရည်ရွှယ်ပြီး နောက်ဆုံး version ကို တင်ပေးလိုက်ပါတယ်။။။အသုံးပြုတာကို အားလုံးသူသိကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။လွယ်လည်း လွယ်ကူပါတယ် ဒါကြောင့် အသုံးပြုပုံကို ရှင်းမပြတော့ပါဘူး။လိုအပ်ရင် ကော့မတ်ပေး မေးနိုင်ပါတယ်။။
software ကိုအောက်တွင်ဒေါင်းပါ။

Format Factory 3.00(50.93MB)


Freemake video converter

ဒီနေ့တော့ အလွယ်ကူဆုံး အသုံးပြုရတာ အကောင်းဆုံးဖြစ်တဲ့  freemake video converter လေးနဲ့
မိတ်ဆက်ပေးပါရစေ။သူကတော့ မိမိလိုချင်တဲ့ video format တွေကို ပြောင်းလို့၇တယ် ။video ကနေ
mp3 ပြီးတော့ video,mp3 တွေကို join ပေးတယ်တစ်ခုနဲ့တစ်ခုပေါ့။ပြီးတော့ split and cut လုပ်ပေးလို့
ရတယ် မိမိလိုသလိုပေါ့။အသုံးပြုရတာ လွယ်ကူတဲ့ အတွက် အသုံးပြုသူ user တွေအနေနဲက အသုံးဝင်မယ့်
ဆော့ဝဲကောင်းလေးတစ်ခု ဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။။။
Convert video free to AVI, MP4, WMV, MKV, 3GP, DVD, MP3, iPad, iPhone, PSP, Android phones. Video to MP3 with one click! Rip & burn DVD. Convert YouTube to MP4, AVI, etc. with Freemake! Guaranteed result.
 ဆော့ဝဲအသုံးပြုပုံ လွယ်ကူတဲ့အတွက် မရှင်းပြတော့ပါဘူး။မသိရင် ကော့မက်ပေး မေးနိုင်ပါတယ်။
software ကိုအောက်တွင်ဒေါင်းပါ။
 Freemake video converter



Microsoft OFFICE 2010 Pro Plus PRECRACKED(32 bits user)

Microsoft OFFICE 2010 Pro Plus PRECRACKED ပါ ။ISO ဖိုင်ပါ။အခွေ ဘန်းဖို့လိုပါမယ်။
အခွေဘန်းမယ်ဆိုရင် ဒီနေရာ မှာအခွေတစ်ခု ဘယ်လိုဘန်းတယ်ဆိုတာ ရေးပေးထားပါတယ်။
အခု ကျွန်တော် HJ-split နဲ့ 100 mb စီပိုင်းထားပါတယ် ။8 ပိုင်းရှိပါတယ်။ အားလုံး 732.06 MiB
ရှိပါတယ်။ အပိုင်းလိုက် ဒေါင်းပြီးရင် HJ-split နဲ့ပဲ ပြန်ဆက်ရပါမယ်။HJ-split အသုံးပြုပုံကိုတော့
ဒီနေရာ မှာ ကျွန်တော်ရှင်းပြပေးထားပြီး ဒေါင်း နိုင်ပါတယ်ခင်ဗျာ။


Microsoft OFFICE 2010 Pro Plus for only 32 bits အတွက်ပါ။
Included : (749MB :) 


- Microsoft Rosebud
- Microsoft Pro Plus
- Microsoft Proofing
- Microsoft Office 64
- Microsoft Groove 2010
- Microsoft Word 2010
- Microsoft Excel 2010
- Microsoft Outlook 2010
- Microsoft PowerPoint 2010
- Microsoft OneNote 2010
- Microsoft Access 2010
- Microsoft InfoPath 2010
- Microsoft Publisher 2010
- Microsoft Project 2010
- Microsoft SharePoint Designer 2010
- Microsoft SharePoint Workspace 2010
- Microsoft Visio 2010
 
 အပိုင်းလိုက်ကို mediafire က တင်ပေးထားပါတယ် အောက်မှာ တစ်ပိုင်းချင်းဆီဒေါင်းပါ။
1. Microsoft OFFICE 2010  Pro Part 1
2. Microsoft OFFICE 2010  Pro part 2
3. Microsoft OFFICE 2010  Pro part 3
4. Microsoft OFFICE 2010  Pro part 4
5. Microsoft OFFICE 2010  Pro part 5
6. Microsoft OFFICE 2010  Pro part 6
7. Microsoft OFFICE 2010  Pro part 7
8. Microsoft OFFICE 2010  Pro part 8
 
ဒေါင်းရာတွင် အဆင်မပြေလျင် ပြန်ပြောပါ ခင်ဗျာ။။။။။ 

windows driver အခွေတစ်ခု လက်ဝယ်ပိုင်ဆိုင်ရန်

ခေါင်းစဉ်ပေးရတာ သိပ်တော့ဘ၀င်မကျမိဘူး။ဒါပေမယ့် ကျွန်တော်ရေးမယ့်ပိုစ့်နဲ့သင့်တော်မယ်ထင်လို့ဒီ
လိုခေါင်းစဉ်လေး ပေးလိုက်တာပါ။ခုကျွန်တော်ရေးမယ့်အကြောင်းအရာက မသိသေးတဲ့သူတွေအတွက်
အတတ်ပညာတစ်ခုရနိုင်သလို သိတဲ့သူတွေအတွက်တော့ ကျော်သွားခွသွားနိုင်ပါတယ်။ကျွန်တော်ကိုယ်
တိုင်းလည်း လူပိန်း အခြေအနေတစ်ခုတုန်းက ဒီရေးမယ့် အကြောင်းအရာကို သိချင်ခဲ့ပါတယ် ။။ဒါပေမယ့်
အဲ့လွယ်ကူတဲ့အကြောင်းအရာ ကို သေသေချာချာ ကို မသိခဲ့တာပါ။တစ်ကယ်ကို ဖြစ်ခဲ့ရတယ်။လွယ်မယ်
ထင်ပေမယ့် မလုပ်ရင်တော့ မတတ်ပါဘူး မသိပါဘူး။ သူငယ်ချင်းတွေရှိပါတယ် driver ခွေလေး ခနငှားပါ
အုံးလို့ သွားတောင်ဖူးပါတယ်။။ဒါပေမယ့် ကိုယ်ကိုတိုင်ကျတော့ အဲ့လို driver ခွေလေး တစ်ခွေဖြစ်အောင်
ဘယ်လို လုပ်တယ်ဆိုတာ မသိခဲ့ဘူး အရင်တုန်းကပါ။အဲ့လို ကျွန်တော့်လို မသိသေးတဲ့သူတွေအတွက်
 အလွယ်ကူဆုံး ကျွန်တော်နားလည် သလိုပဲ ရှင်းပြသွားပါရစေ။

 1.ခုစာဖတ်နေတဲ့ အားပေးသူ သူငယ်ချင်းဟာ မိမိကွန်ပျူတာအတွက် သင့်တော်မယ့်  OS ->windows7windows 8,vista,window xp,etc..စသည်ဖြင့် windows တင်လို့ရမယ့် driver အခွေတစ်ခု မိမိကိုယ်တိုင် လုပ်ချင်တယ် လိုချင်တယ်ဆိုပါစို့...
2.ဒါဆိုရင်တော့ ကျွန်တော်တို့ ပထမဆုံး သူငယ်ချင်းတို့မှာ DVD အခွေလွတ် တစ်ခွေ လိုအပ်ပါတယ်..

 3.driver iso ဖိုင် တစ်ခုလိုပါတယ်။ driver iso ဖိုင်ဆိုတာက windows 7 ,windos 8 ,vista,xp သူတို့
တွေအတွက် အခွေဘန်းလို့ရအောင် လုပ်ပေးထားတဲ့ driver iso ဖိုင်ကိုပြောတာပါ။(တစ်နည်းအားဖြင့် windows application software စုစည်းထားတဲ့ OS ကိုပြောတာပါ)  တစ်ခြားwindows driver များနဲ့ မသက်ဆိုင်တဲ့ iso ဖိုင်များလည်း ပါဝင်တယ်။။ဒီနေရာမှာ iso ဖိုင်ဆိုရင် အခွေဘန်းလို့ရပါပြီ..ကျွန်တော်
က iso driver အခွေ ဘန်းနည်းကိုပဲပြောပြနေတာ ဖြစ်တဲ့အတွက် ကျန်တာ ဆက်မဆွေးနွေးတော့ပါဘူး။
4.windows အတွက် သူငယ်ချင်းတို့မှာ Iso ဖိုင်လည်း ရနေပြီဆိုရင် နောက်ဆုံးတစ်ချက်က တော့သူ
ငယ်ချင်းတို့ဆီမှာ ISO burner software တစ်ခုခု ရှိဖို့လိုအပ်ပါတယ်။ iso burner ဆော့ဝဲတွေက အများ
ကြီးရှိပါတယ်။အဲ့အထဲက ကျွန်တော်သုံးဖူးတဲ့ ဆော့ဝဲ နှစ်ခု ကိုတင်ပေးပါမယ်။ပြောလည်း ပြောပြပေးပါမယ်
    1.Active iso burner
     -->set up ကို install လုပ်ပါ။
      အားလုံးပြီးသွားရင် အောက်မှာအတိုင်ပေါ်လာပါလိမ့်မယ်..
    
     ---> မိမိ dvd rom ထဲကို dvd အလွတ် ခွေထည့်ပါ။
---> Active iso burner ထဲမှာပါတဲ့ source ဆိုတဲ့နေရာမှာ မိမိတို့ရဲ့ iso ဖိုင်ရှိတဲ့နေရာလေးကိုရွှေးပါ။
 ကျန်တာပြောင်းလဲ မှုမရှိပါဘူး ဆော့ဝဲထဲမှာ..ပြီးရင် အောက်မှာပါတဲ့ Burn ဆိုတဲ့ အကွက်ကို နှိပ်ပြီး
 စောင့်နေလိုက်ပါ iso file size များရင်များသလို နည်းရင်နည်းသလို မူတည်ပြီး ကြာပါလိမ့်မယ်။။
---> iso file ဆိုတာ ခုလိုမျိုး .iso ပုံမျိုးလေးတွေပါ။ burner ပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ် ပုံက..

--->ဒီလောက်ဆိုရင် active iso burner နဲ့ driver ခွေ တစ်ခွေဘယ်လို burn လဲဆိုတာ သိလောက်ပါ
     ပြီနော်။။။

ဆော့ဝဲကို အောက်တွင်ဒေါင်းပါ။။


2.  နောက်တစ်ခုကတော့ free iso burner v1.2(portable) ပါ။ အပေါ်က ဘယ်လို ဘန်းတယ်ဆိုတာရေးထားတဲ့အတိုင်းပါပဲခင်ဗျာ။ ဆော့ဝဲ design လေးသာပြောင်းလဲသွားတာပါ။ကျွန်တော် ထပ်မရှင်းတော့ဘူးနော် အောက်ကပုံလေးတွေကိုပဲ ကြည့်ပါ။

  software ကိုအောက်တွင် ဒေါင်းပါ။


 ကျေးဇူးတင်ပါတယ်.....
  


HJ-split ဖြင့် file များ ပိုင်းခြင်း/ဆက်ခြင်း


HJ-split ဖြင့် file များ ပိုင်းခြင်း/ဆက်ခြင်း

Hj-split ဆိုတာကတော့ မိမိတို့ရဲ့ ကွန်ပျူတာမှာရှိတဲ့ ဖိုင်တွေကို လိုအပ်သလို အပိုင်းလိုက်ခွဲ အပိုင်းလိုက်ဖြတ်ပြီးတော့ အပိုင်းလိုက်ပဲ ပြန်ဆက်ပြီး နဂိုတစ်ခုတည်း ဖြစ်အောင် ပြန်လုပ်ပေးတဲ့ software တစ်ခုပါပဲခင်ဗျာ…ပြီးလျင်မိမိတို့ပို့ချင်တဲ့သူဆီကိုအလွယ်တစ်ကူအပိုင်းလိုက်အမြန်ရောက်နိုင်စေရန် ပေးပို့
ဖို့အတွက်ပါပဲ။file ဆိုတာကတော့ ကွန်ပျူတာမှာရှိတဲ့ ဘယ်ဟာမဆို eg,videos,iso, ပြီးတော့ တစ်ခြား ရှိတာတွေအားလုံးပါပဲ။ Hj-split နဲ့ သုံးပြီး ပိုင်းဖြတ်ဆက်လုပ်တာပါ။hj-splitကတော့ portable ဆော့ဝဲတစ်ခုပါပဲ 2 ချက်နှိပ်ရုံနဲ့ရပါပြီတစ်ချို့အင်တာနက်မကောင်းတဲ့နေရာတွေမှာ (အင်တာနက်မကောင်းဆိုတာက connection မကောင်းတာကိုဆိုလိုတာပါ)ဆိုရင် ဆော့ဝဲတစ်ခုဖြစ်ဖြစ် ဂိန်းတစ်ခုခု ဖြစ်ဖြစ် driver,window iso , eg စသည်ဖြင့် downloadလုပ်ရတာမလွယ် ကူပါဘူး အချိန်ကြာလည်း ကြာပါတယ်။ မတရား ကို အချိန်အကြာကြီးဒေါင်းရတာပါ ။လုံးဝကို အဆင်မပြေလှပါဘူး။ အဲ့လို ခါကျရင် uploader တွေက အဲ့လို နေရာတွေ အတွက် ဖိုင်တွေကိုMb တွေလျော့ပြီး အပိုင်းလိုက်လေးတွေ လုပ်ပေးတော့ ဒေါင်းရတာလည်း အဆင်ပြေပါတယ် ..တတ်နိုင်သမျှလည်း ကောင်းလှပါတယ်။ အဲ့တာကြောင့် user တွေ ဒေါင်းရတာလွယ် ကူစေဖို့အတွက်(connection မကောင်း တဲ့နေရာတွေမှာ) uploader တွေက HJ-split ကို အများဆုံးအသုံးပြု ပြီး user တွေကို အကောင်းဆုံး ကူညီပေးနေခဲ့တာပါ။ အသုံးပြုသူ user တွေမှာလည်း hj-split software ရှိနေဖို့လိုအပ်ပါတယ်။။Hj-split ကတော့ gb 100 အထက်ရှိတဲ့ ဖိုင်တွေကိုလည်း ပိုင်းဖြတ်ဆက်လုပ်နိုင်ပါတယ်။hj-split ဖြင့် အသုံးပြု ဖြတ်ထားတဲ့ ဖိုင်တွေကိုသာ hj-split ဖြင့် ဆက်လို့ရပါတယ်။ တစ်ခြား ရိုးရိုး ပိုင်းထားတဲ့ ဖိုင်တွေကိုSupport မလုပ်ပါဘူး။
 

ဥပမာအနေနဲ့ လုပ်ပုံလုပ်နည်းလေး ကျွန်တော်ရှင်းပြသွားပါမယ်။split and jon လောက်ပါပဲ။

HJ-splitဖြင့် ဖိုင်များခွဲခြင်း(split)

1.hj-split ကို ဖွင့်ပါ။
 


2.split ကိုနှိပ်ပါ။
3.
 




Input File ဆိုတဲ့နေရာမှာ မိမိတို့ ပိုင်းဖြတ်ချင်တဲ့ file ရှိတာကို ပြပေးပါ။
Output File ဆိုတဲ့နေရာမှာ တော့ မိမိတို့ ပိုင်းဖြတ်ပြီး ထားမယ့် folder နေရာကို ပြပေးပါ။
Split file size ဆိုတဲ့နေရာမှာ မိမိတို့ ဘယ်လောက် mb or gb ဆီ ဖိုင်တစ်ခုကို ဘယ်နှစ်ပိုင်း
ပိုင်းမှာဆိုတာကို မိမိတို့ လိုချင်တဲ့အတိုင်းအတာပေါ်မူတည်ပြီး လုပ်ပါ။ဥပမာ 1000 mb ကို
ကျွန်တော်တို့ 100 mb ဆီပိုင်းမယ်ဆိုရင် 10 ပိုင်း ထွက်လာပါမယ်။အဲ့အတွက် ခုအပေါ်မှာ
မြင်နေရတဲ့ 1400 ဆိုတဲ့နေရာမှာ 100 ကိုရွှေးပြီး Kbyts အောက်ကိုထောက်ပြီး Mbyets
ကိုရွှေးပေးပါ။
4.ပြီးလျင် Start ကို နှိပ်ပါ။ပြီးလျင် ကိုယ်ခွဲတဲ့ဆိုဒ်ပမာန များလျင်များတဲ့အပေါ်မူတည်ပြီးစောင့်ပါ။




5.ပြီးလျင် မိမိတို့ 0utput ရွှေးထားသောနေရာအားသွားပါ။


ပုံတွင်ပြထားသည့်အတိုင်း မိမိ ခွဲခဲ့သည့် file ကြီးအောက်တွင် 001 File ကနေ 008 ဖိုင်ထိ အသေးလေး
8 ခု ဖြစ်နေပါလိမ့်မယ်။ကျွန်တော် ခွဲခဲ့တာ 728mb လောက်ရှိတဲ့ iso ဖိုင်ကို 100 mb ဆီထားခွဲခဲ့တာပါ။
ခု 100 mb အပိုင်း7 ပိုင်းရယ် ကျန်တဲ့ 28 mb ကတော့ 008အပိုင်းပါပဲ။ အခုဆိုရင်ကျွန်တော်တို့ ဖိုင်ကိုလို
အပ်တဲ့ဆိုဒ်ပမာနလောက် ခွဲပစ် တာ သိသွားပါပြီ။ ခုအောက်မှာ ဆက်ကြည့်ကြမယ် အဲ့လို splitပိုင်းထား
တဲ့ ဖိုင်လေးတွေကို နဂို ဖိုင်ကြီးတစ်ခုတည်း ဖြစ်အောင် ဘယ်လိုပြန်လုပ်တယ်ဆိုတာပေါ့။

HJ-splitဖြင့် ဖိုင်များ ပေါင်းစပ်ခြင်း(join)

1.hj-split ကို ဖွင့်ပါ။



ပုံတွင်ပြထားသည့်အတိုင်း မိမိ ခွဲခဲ့သည့် file ကြီးအောက်တွင် 001 File ကနေ 008 ဖိုင်ထိ အသေးလေး
8 ခု ဖြစ်နေပါလိမ့်မယ်။ကျွန်တော် ခွဲခဲ့တာ 728mb လောက်ရှိတဲ့ iso ဖိုင်ကို 100 mb ဆီထားခွဲခဲ့တာပါ။
ခု 100 mb အပိုင်း7 ပိုင်းရယ် ကျန်တဲ့ 28 mb ကတော့ 008အပိုင်းပါပဲ။ အခုဆိုရင်ကျွန်တော်တို့ ဖိုင်ကိုလိုအပ်တဲ့ဆိုဒ်ပမာနလောက် ခွဲပစ် တာ သိသွားပါပြီ။ ခုအောက်မှာ ဆက်ကြည့်ကြမယ် အဲ့လို splitပိုင်းထားတဲ့ ဖိုင်လေးတွေကို နဂို ဖိုင်ကြီးတစ်ခုတည်း ဖြစ်အောင် ဘယ်လိုပြန်လုပ်တယ်ဆိုတာပေါ့။

HJ-split ဖြင့် ဖိုင်များ ပေါင်းစပ်ခြင်း(join)
1.hj-split ကို ဖွင့်ပါ။
 


2.join ကိုနှိပ်ပါ။
 



Input File ဆိုတဲ့နေရာမှာ မိမိတို့ ခုနားက ပိုင်းထားတဲ့ အပိုင်းများရှိတဲ့ fileရှိတာကို ပြပေးပါ။
Output File ဆိုတဲ့နေရာမှာ တော့ မိမိတို့ ဖိုင်များ ဆက်ပြီးသွားရင် ထားမယ့်folderနေရာကို ပြပေးပါ။
Input file ကို ထည့်ရန် ပိုင်းထားတဲ့ ဖိုင်တွေရှိတဲ့နေရာကိုရွှေးပေးတဲ့ အချိန်မှာ သူက 001 ဖိုင်တစ်ခု
တည်းကိုပဲ ပြပေးပါမယ်။
 


ပြီးလျင် open ကိုနှိပ်ပါ။
3.ပြီး တော့ Start ကိုနှိပ်ပါ။
 

 


Joining Completed ဆိုရင်ပြီးပါပြီ OK နှိပ်ပါ။ ဒါဆိုရင် Outputလုပ်ထားတဲ့ folder ထဲကိုသွားကြည့်ပါ။
ဖိုင်တစ်ခုတည်း နဂိုအတိုင်း original တစ်ခုတည်းဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

Software ကိုအောက်တွင် ဒေါင်းပါ...
 




ကျွန်တော်တို့ဆိုဒ်လေးကိုလာလည်တဲ့ အတွက်ဝမ်းသာပါတယ်။လိုအပ်တဲ့နည်းပညာ အခတ်အခဲလေးတွေကို cboxမှာ ရေးသွားနိုင်ပါတယ်။ဆိုဒ်လေးနဲ့ ပတ်သတ်လို့ အကြံညဏ်များလည်း ရေးခဲ့ကြပါဦး။

Back to Top