Blog Archive

Home » » windows driver အခွေတစ်ခု လက်ဝယ်ပိုင်ဆိုင်ရန်

windows driver အခွေတစ်ခု လက်ဝယ်ပိုင်ဆိုင်ရန်

ခေါင်းစဉ်ပေးရတာ သိပ်တော့ဘ၀င်မကျမိဘူး။ဒါပေမယ့် ကျွန်တော်ရေးမယ့်ပိုစ့်နဲ့သင့်တော်မယ်ထင်လို့ဒီ
လိုခေါင်းစဉ်လေး ပေးလိုက်တာပါ။ခုကျွန်တော်ရေးမယ့်အကြောင်းအရာက မသိသေးတဲ့သူတွေအတွက်
အတတ်ပညာတစ်ခုရနိုင်သလို သိတဲ့သူတွေအတွက်တော့ ကျော်သွားခွသွားနိုင်ပါတယ်။ကျွန်တော်ကိုယ်
တိုင်းလည်း လူပိန်း အခြေအနေတစ်ခုတုန်းက ဒီရေးမယ့် အကြောင်းအရာကို သိချင်ခဲ့ပါတယ် ။။ဒါပေမယ့်
အဲ့လွယ်ကူတဲ့အကြောင်းအရာ ကို သေသေချာချာ ကို မသိခဲ့တာပါ။တစ်ကယ်ကို ဖြစ်ခဲ့ရတယ်။လွယ်မယ်
ထင်ပေမယ့် မလုပ်ရင်တော့ မတတ်ပါဘူး မသိပါဘူး။ သူငယ်ချင်းတွေရှိပါတယ် driver ခွေလေး ခနငှားပါ
အုံးလို့ သွားတောင်ဖူးပါတယ်။။ဒါပေမယ့် ကိုယ်ကိုတိုင်ကျတော့ အဲ့လို driver ခွေလေး တစ်ခွေဖြစ်အောင်
ဘယ်လို လုပ်တယ်ဆိုတာ မသိခဲ့ဘူး အရင်တုန်းကပါ။အဲ့လို ကျွန်တော့်လို မသိသေးတဲ့သူတွေအတွက်
 အလွယ်ကူဆုံး ကျွန်တော်နားလည် သလိုပဲ ရှင်းပြသွားပါရစေ။

 1.ခုစာဖတ်နေတဲ့ အားပေးသူ သူငယ်ချင်းဟာ မိမိကွန်ပျူတာအတွက် သင့်တော်မယ့်  OS ->windows7windows 8,vista,window xp,etc..စသည်ဖြင့် windows တင်လို့ရမယ့် driver အခွေတစ်ခု မိမိကိုယ်တိုင် လုပ်ချင်တယ် လိုချင်တယ်ဆိုပါစို့...
2.ဒါဆိုရင်တော့ ကျွန်တော်တို့ ပထမဆုံး သူငယ်ချင်းတို့မှာ DVD အခွေလွတ် တစ်ခွေ လိုအပ်ပါတယ်..

 3.driver iso ဖိုင် တစ်ခုလိုပါတယ်။ driver iso ဖိုင်ဆိုတာက windows 7 ,windos 8 ,vista,xp သူတို့
တွေအတွက် အခွေဘန်းလို့ရအောင် လုပ်ပေးထားတဲ့ driver iso ဖိုင်ကိုပြောတာပါ။(တစ်နည်းအားဖြင့် windows application software စုစည်းထားတဲ့ OS ကိုပြောတာပါ)  တစ်ခြားwindows driver များနဲ့ မသက်ဆိုင်တဲ့ iso ဖိုင်များလည်း ပါဝင်တယ်။။ဒီနေရာမှာ iso ဖိုင်ဆိုရင် အခွေဘန်းလို့ရပါပြီ..ကျွန်တော်
က iso driver အခွေ ဘန်းနည်းကိုပဲပြောပြနေတာ ဖြစ်တဲ့အတွက် ကျန်တာ ဆက်မဆွေးနွေးတော့ပါဘူး။
4.windows အတွက် သူငယ်ချင်းတို့မှာ Iso ဖိုင်လည်း ရနေပြီဆိုရင် နောက်ဆုံးတစ်ချက်က တော့သူ
ငယ်ချင်းတို့ဆီမှာ ISO burner software တစ်ခုခု ရှိဖို့လိုအပ်ပါတယ်။ iso burner ဆော့ဝဲတွေက အများ
ကြီးရှိပါတယ်။အဲ့အထဲက ကျွန်တော်သုံးဖူးတဲ့ ဆော့ဝဲ နှစ်ခု ကိုတင်ပေးပါမယ်။ပြောလည်း ပြောပြပေးပါမယ်
    1.Active iso burner
     -->set up ကို install လုပ်ပါ။
      အားလုံးပြီးသွားရင် အောက်မှာအတိုင်ပေါ်လာပါလိမ့်မယ်..
    
     ---> မိမိ dvd rom ထဲကို dvd အလွတ် ခွေထည့်ပါ။
---> Active iso burner ထဲမှာပါတဲ့ source ဆိုတဲ့နေရာမှာ မိမိတို့ရဲ့ iso ဖိုင်ရှိတဲ့နေရာလေးကိုရွှေးပါ။
 ကျန်တာပြောင်းလဲ မှုမရှိပါဘူး ဆော့ဝဲထဲမှာ..ပြီးရင် အောက်မှာပါတဲ့ Burn ဆိုတဲ့ အကွက်ကို နှိပ်ပြီး
 စောင့်နေလိုက်ပါ iso file size များရင်များသလို နည်းရင်နည်းသလို မူတည်ပြီး ကြာပါလိမ့်မယ်။။
---> iso file ဆိုတာ ခုလိုမျိုး .iso ပုံမျိုးလေးတွေပါ။ burner ပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ် ပုံက..

--->ဒီလောက်ဆိုရင် active iso burner နဲ့ driver ခွေ တစ်ခွေဘယ်လို burn လဲဆိုတာ သိလောက်ပါ
     ပြီနော်။။။

ဆော့ဝဲကို အောက်တွင်ဒေါင်းပါ။။


2.  နောက်တစ်ခုကတော့ free iso burner v1.2(portable) ပါ။ အပေါ်က ဘယ်လို ဘန်းတယ်ဆိုတာရေးထားတဲ့အတိုင်းပါပဲခင်ဗျာ။ ဆော့ဝဲ design လေးသာပြောင်းလဲသွားတာပါ။ကျွန်တော် ထပ်မရှင်းတော့ဘူးနော် အောက်ကပုံလေးတွေကိုပဲ ကြည့်ပါ။

  software ကိုအောက်တွင် ဒေါင်းပါ။


 ကျေးဇူးတင်ပါတယ်.....
  


0 comments:

Post a Comment

ကျွန်တော်တို့ဆိုဒ်လေးကိုလာလည်တဲ့ အတွက်ဝမ်းသာပါတယ်။လိုအပ်တဲ့နည်းပညာ အခတ်အခဲလေးတွေကို cboxမှာ ရေးသွားနိုင်ပါတယ်။ဆိုဒ်လေးနဲ့ ပတ်သတ်လို့ အကြံညဏ်များလည်း ရေးခဲ့ကြပါဦး။

Back to Top