Home » » usb flash drive ဖြင့် window တင်နည်း

usb flash drive ဖြင့် window တင်နည်း

အခု အကြောင်းအရာလေးက တော့ မိမိတို့ရဲ့ ကွန်ပျူတာကို cd rom ကနေ dvd ချပ်နဲ့ window မတင်ပဲ
usb flash drive ကို အသုံးပြုပြီး တင်တဲ့ ပုံစံလေး ဖြစ်ပါတယ်။ ဘယ်လို လုပ်မလဲဆိုရင် နည်းလမ်းတွေ
အများထဲက အသင့်တော်ဆုံး နည်းလမ်းလေးတစ်ခုကို လမ်းညွှန်ရင်း ရှင်းပြပေးပါရစေ။
1. မိမိတို့မှာ usb flash drive ရှိဖို့လိုပါမယ်။ ရှိတဲ့ usb flash drive အနည်းဆုံး 8 gb နှင့်အထက်ဖြစ်ရပါ
မယ်။
2.ယခင် window os အခွေ သို့မဟုတ် /window iso ဖိုင် ကို ဖြည့်ထားတာ ရှိရပါမယ်။
ဒါဆိုရင်တော့ ကျွန်တော်တို့ အလုပ်စလို့ရပါပြီ။

ပထမဆုံး ကွန်ပျူတာထဲကို usb flash drive တပ်လိုက်ပါ။မိမိ usb flash drive ထဲရှိ ဖိုင်များအားလုံးကို
တစ်နေရာသလို့ ရွှေ့ထားပါ။
ပြီးရင် Window+R ကိုနှိပ် ပေါ်လာတဲ့ run box မှာ cmd လို့ရိုက်ထည့်ပါ။(မရရင် start menu->
all programs->accessories->command prompt ကို right click ပေးပြီး run as administrator ကို
click လုပ်ပါ)
ဒါဆိုရင် cmd box ကျလာပါမယ်။ ကျလာပြီဆိုရင် ကျွန်တော်ပြောတဲ့ အချက်အတိုင်းလိုက်လုပ်ကြည့်ပါ။
 တစ်ခုပြီးတိုင်း enter ပေးပါ။
1. diskpart လို့ရိုက်ထည့်ပါ။

2. list disk လို့ရိုက်ထည့်ပါ။ မိမိတို့ စက်မှာ ရှိသလောက် ကျလာပါလိမ့်မယ်။


3. select disk 3 လို့ရိုက်ထည့်ပါ။ ဒီနေရာမှာ မိမိတို့ ရဲ့ usb flash drive နေရာအမည်ကို disk ? ဖြင့် 
   ရိုက်ထည့်ပေးပါ။(usb flash driver 14 gb ဖြစ်တဲ့ အတွက် disk 3 ပါ)

4. clean လို့ရိုက်ထည့်ပါ။
5. create partition primary လို့ရိုက်ထည့်ပါ။
6. select partition 1 လို့ရိုက်ထည့်ပါ။
7. active လို့ရိုက်ထည့်ပါ။
8. format fs=NTFS quick လို့ရိုက်ထည့်ပါ။

9. assign လို့ရိုက်ထည့်ပါ။
10. exit လို့ရိုက်ပါ။
11. exit ထပ်လုပ်ပါ။

ဒီအချက်လေးအတိုင်းလုပ်ပြီးပြီဆိုရင် မိမိတို့ usb flash drive ဟာ window os ဖိုင်တွေထည့်ဖို့ အတွက် အသင့်ဖြစ်သွားပါပြီ။ ဒါဆိုရင် ကျွန်တော်တို့က window အခွေကို cd rom ထဲကို ထည့်ပါ။ ပြီးရင် window
ခွေထဲမှာရှိတာကို open လုပ်ပါ။ ပြီးရင် အထဲမှာ ရှိတဲ့ file တွေအားလုံးကို မိမိတို့ usb flash drive ထဲကို
အားလုံး copy ကူးထည့်ပါ။ဒါဆိုရင် မိမိတို့ usb flash drive ဟာ window တင်ဖို့ အတွက် အသင့်ဖြစ်ပါပြီ
window driver အခွေမရှိပဲ iso file လောက်ပဲရှိသေးတဲ့ သူတွေကတော့ မိမိတို့ ဖိုင်ကို rar နဲ့ဖြည်ပြီးရင် 
ရလာတဲ့ အထဲက file တွေ အကုန်လုံးကို usb flash drive ထဲကို copy ကူးထည့်ပါ။ ဒါဆိုရင် ရပါပြီ။

ကျန်တဲ့ window တင်တဲ့ အပိုင်းကတော့ ပုံမှန် window တစ်ခု တင်သလိုပါပဲ ။
first boot ကို cd rom နေရာမှာ usb flash drive ကိုပေးလိုက်ရင်ရပါပြီ.....

အားလုံး အဆင်ပြေကြပါစေ...

0 comments:

Post a Comment

ကျွန်တော်တို့ဆိုဒ်လေးကိုလာလည်တဲ့ အတွက်ဝမ်းသာပါတယ်။လိုအပ်တဲ့နည်းပညာ အခတ်အခဲလေးတွေကို cboxမှာ ရေးသွားနိုင်ပါတယ်။ဆိုဒ်လေးနဲ့ ပတ်သတ်လို့ အကြံညဏ်များလည်း ရေးခဲ့ကြပါဦး။

Back to Top